Friday, February 10, 2012

ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့

ဗိုလ်ချုပ်အောင်ဆန်း

ဖေဖော်ဝါရီ ၁၃ ဟာ
ဗိုလ်ချုပ်မွေးနေ့ပါ
၁၉၁၅ ရှေ့နေ ဦးဖာသား။
ဇာတိ နတ်မောက် မကွေးခရိုင်
သိကြများခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဖွား
မိခင်ဒေါ်စုသား။
ပြည်ထောင်စုရဲ့ကျေးဇူးရှင်
ဗိုလ်ချုပ်တို့ဖခင်
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား။
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ဗိုလ်ချုပ် တို့ခေါင်းဆောင်
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ် ချမှတ်သွား။ ။

ငယ်ငယ်က ကျောင်းမှာသင်ခဲ့ဖူးတဲ့ကဗျာလေးပါဗျာ
ခုခေတ်ကလေးတွေတစ်ချို့မသိတော့ပါဘူး
အမှတ်တရ ဖြစ်ရအောင်ပြန်ဖော်ပြပေးတာပါခင်ဗျာ ။
ဘိုဖြူ




12 comments:

  1. ခုကလေးတွေ မသိတော့ဝူးဆိုတော့... အဲဒါကို ဖတ်စာထဲကနေ ဖြုတ်လိုက်လို့လားဟင်... O_o

    ReplyDelete
  2. မှတ်မှတ်ရရဖြစ်စေဘို့အခုလိုဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို
    တင်ပေးလိုက်တာကောင်းတယ် မောင်ဘိုဖြူရေ။ ဒီကနေ့
    ဒီဆိုဒ်ကိုတီတင့်ရောက်တာ နှစ်ခေါက်ရှိပြီနော်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. ပြန်လည်းအမှတ်ရေပြီဖော်ပြပေးတာကျေးဇူးတင်ပါတယ်

    ReplyDelete
  4. မိုက်တယ်အကိုရေ ချစ်သူများနေ့လောက်ပဲ လူသိများသလို ဖြစ်နေတာ ဗိုလ်ချုပ်မွေးနေ့ ကို လူတိုင်းမသိသလို ဖြစ်နေတာ ရင်နာစရာပဲ....

    ReplyDelete
  5. ဗိုလ်ချုပ်အောင်ဆန်းကဗျာလေးကို ငယ်ငယ်ကသင်ခဲ့ဖူးတယ် မေ့နေပါပြီ
    ခုပြန်သတိရနေတယ်

    ReplyDelete
  6. ဒီကဗျာလေးကို ငယ်ငယ်တုန်းကလို အကျယ်ကြီး အော်ဆိုလိုက်ချင်တယ် :)

    ReplyDelete
  7. လူတိုင်းဟာ ဖေဖော်ဝါရီ 14 ကိုပဲသိကျတာ ဖေဖော်ဝါရီ 13 ကိုမေ့နေကျတယ်ဗျာ...အခုလိုအမှတ်တရလေးတင်ပေးတာ ဝမ်းသာတယ်ဗျာ

    ReplyDelete
  8. ငယ်ငယ်က မကြာမကြာ ဆိုဖြစ်လေ့ရှိတဲ့ ကဗျာလေးကို ခုတစ်ခါ အသံထွက်ပြီး ဆိုကြည့်သွားပါတယ်...

    ReplyDelete
  9. ကန်ဒီတို့တုန်းကလည်း သင်ခဲ့ရတယ် :D

    ReplyDelete
  10. မူလတန်းတုန်းက သင်ခဲ့ရတယ်..မေ့နေတာ ခုလို အမှတ်တရတင်ပေးတာ ကျေးဇူး..ခုခေတ်ကလေးတွေက ဗိုလ်ချုပ်မွေးနေ့ ထက် ချစ်သူများနေ့ ကိုပဲ သိကြတယ်..

    ReplyDelete
  11. ဒီနေ့ဒီရက်ရောက်တိုင်းဖြေမဆည်နိုင်အောင်ဝမ်းနည်းရပါတယ်

    ReplyDelete
  12. ကိုကိုဘို..မမဖြူ..
    မတွေ့ ရတာကြာလို့  သတိတရ
    အလည်ရောက်လာပါတယ်ခင်ဗျာ...
    ထော်ဦး

    ReplyDelete