Friday, February 10, 2012

ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့

ဗိုလ်ချုပ်အောင်ဆန်း

ဖေဖော်ဝါရီ ၁၃ ဟာ
ဗိုလ်ချုပ်မွေးနေ့ပါ
၁၉၁၅ ရှေ့နေ ဦးဖာသား။
ဇာတိ နတ်မောက် မကွေးခရိုင်
သိကြများခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဖွား
မိခင်ဒေါ်စုသား။
ပြည်ထောင်စုရဲ့ကျေးဇူးရှင်
ဗိုလ်ချုပ်တို့ဖခင်
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား။
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ဗိုလ်ချုပ် တို့ခေါင်းဆောင်
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ် ချမှတ်သွား။ ။

ငယ်ငယ်က ကျောင်းမှာသင်ခဲ့ဖူးတဲ့ကဗျာလေးပါဗျာ
ခုခေတ်ကလေးတွေတစ်ချို့မသိတော့ပါဘူး
အမှတ်တရ ဖြစ်ရအောင်ပြန်ဖော်ပြပေးတာပါခင်ဗျာ ။
ဘိုဖြူ




Monday, January 23, 2012

အဖြေ ဘာလဲ ?


Friends18.com Orkut Scraps


အသုံးမကျတဲ့ ဦးနှောက်က
နွံ့မှာ လူးနေတဲ့ ကျွဲကို
ရေပူ ရေအေး ရှိတဲ့
အရပ် ပို့ပေးမလို့ဆိုပဲ

ဘုရင်တစ်ပါးကလဲ
တိုင်းသူပြည်သားတွေခေါ်ယူပြီး
မေးခွန်းထုတ်သတဲ့လေ
ဆားနဲ့ သကြားကျွေးပြီး
ဘယ်ဟာက ချဉ်သလဲ
ကဲ အဖြေပေးတော်မူစမ်းပါတဲ့လေ

အဲဒီတော့ ညအချိန်မှာမှောင်နေတဲ့
ကောင်းကင် ကို
မာယာများတယ်လို့
စွပ်စွဲနေတာ
ဘယ်သူလွန်သလဲ ?

Friends18.com Orkut Scraps

Thursday, January 19, 2012

စစ်ပွဲ


ချစ်ချစ် မုန်းမုန်း
အမျိုးတုန်းအောင်
အသေသာပစ်
အဲတာ စစ်


အားလုံးရဲ့ ဘိုဖြူ

Friday, January 6, 2012

ပြည်သူတွေဘ၀နှင့် ရောက်တတ်ရာရာ

ပစ်တိုင်းသေရ ပြည်သူ့ဘဝ

တိုက်တိုင်းကြေရ ကျေးရွာအလှ

အရင်က ယာတော

ခုတော့ဖြင့် ပြာပုံ

ဆယ်ဖြာလက်မိုး

ရှိခိုးသော်လဲ

ဘုရားမကယ်နိုင်

မင်းမှာ တရားမရှိ

ဘုရားစဉ်ပေါ်က အမှိုက်တစ်စလို

စဉ်ကတော့ဘုရားစဉ်

ဒါပေမယ့်ဘုရားပုံတော်မရှိ

အဲဒီအမှိုက်ကိုဘယ်သူရှင်းနိုင်သလဲ

အဖြေလဲမသိ----------

ပြည်သူတွေ ရင်ထဲ

ရှိနေတာက အကြောက်တရားနဲ့

ဘ၀အခါးတွေ

တားပေးမယ့်သူ

အကူလိုလဲ

ခုတော့ဖြင့်

အညာစောင် ခြုံလို့မနွေးဆိုပဲ ။


လက်မှာသေနတ်ကိုင်

ပါးစပ် ကတော့

ပြည်သူဘ၀ငြိမ်းချမ်းရဖို့

စစ်မှန်တဲ့ ဒီမိုဂရေစီ

ပြောရင်း ပြောရင်းနဲ့

ပြည်သူ့ဘဝ

တနေ့တခြား

အရောင်တွေရင့်ရင့်လာသလိုပဲ

ပြောင်ပြောင်ကြီး

ခိုးယူ စားသုံး

ပြည်သူ့အမုန်း

ဘ၀ဆုံးထိ သယ်ယူဖို့စိတ်ကူး

မင်းရူးနေပြီနော် ။

အမိန့်တွေ

ခဏခဏထုတ်

မင်းတို့ချင်းတွေလဲ

ဇယားတွေ အထပ်ထပ်ရှုပ်ပြီး

အစိမ်းရင့်ရောင်

ယူနီဖောင်းတွေက

ပလ္လင်ပေါ် မှတ်တိုင်တွေ ထူလို့

ရာသက်ပန်နေရာ

မှတ်ပါ့မယ်တဲ့လေး




စာဖတ်လာသူများကို အစဉ်လေးစားလျှက်
ဘိုဖြူ

Thursday, December 22, 2011

ယောင်တိယောင်ချာ *** ဘ၀ *** jasmine နှင့်ဘိုဖြူ ရောသမမွှေ

အစရှိရင် အဆုံးဆိုတာလဲရှိရမှာပေါ့
ဒါမှမဟုတ်
အဆုံးသတ်မှုတစ်ခုတော့ ရှိရမှာနော်
အစတည်းက ရင်းနှီးမှုပေါင်းစုံနဲ့
အပေးမကမ်းတွေများခဲ့တဲ့
မင်းဘဝ
အများသုံး ရတဲ့ --- မင်းဘဝ
အာလုံးလဲ ခိုးချတဲ့ မင်းဘဝ
ကိုယ်ပိုင် ကဗျာမရှိ
အထာမသိ အညာတွေနဲ့ငြိတွယ်
အထိလွယ် လောက အလယ်
ပြယ်နေတဲ့ သိက္ခာတွေ
အိပ်ကပ်ထဲထည့်ပြီး
အဌား ကားတွေနဲ့ ကလေးကုလား
မင်းအလုပ်များပေမယ့်
လူတကာ ရင်ခွင်
အပျော်တွေမြင်ပြီး
အနာဂါတ်လမ်းတွေ
မှားပြီးရင်းမှား
တားမရတဲ့ မင်းဘဝ
ရေစုံမှာမျော
တတောဝင် တတောင်တက်
ခေတ် အဆက်ဆက်
အပျက်ပျက် နှာခေါင်းသွေးထွက်
ရမက်ကြီးတဲ့
မင်းရဲ့ လှည့်ကွက်တွေ အတွက်
လူတစ်ကာရင်ခွင်မှာ အပျော်တစ်ရာမက
နေ့ရက်များကို နိုးထပါတော့
အင်တာနက်မှ အခက်တွေ့ရတဲ့
နေ့များစွာကို ပြန်မြင်ပါတော့
online ရောဂါနဲ့ဘ၀ပျက်ခဲ့တာ
ရက်မကြာသေးပါဘူး
စမ်းတ၀ါးဝါးနဲ့ မဟားတရား
ဝင်လာတော့ အမှားကြီးမှားတော့တာပါပဲ
တစ်သက်မှာ တစ်တယောက်တဲ့
ဟိုအကောင်ပါးစပ်က နတ်စကားလား
အပျက်အပျက်နဲ့ ဘ၀သွေးတွေထွက်ခဲ့တာ
မင်းနှလုံးသား မဆွေးမြေ့ဘူးလား။
ရမက်နွံ ထဲက
မရှိတော့တဲ့ မင်းရဲ့သိက္ခာတွေကို
နဲနဲခြင်းစီ ပြန်ကောက်လိုက်ပါ
ဘ၀ရဲ့ ကုန်ဆုံးချိန်မရောက်မှီ.......


jasmine နှင့်ဘိုဖြူ အတွေးတွေ ဖလှယ်ထားတဲ့
ကဗျာလေးဖြစ်ပါတယ်
သရော်စာဖြစ်ခဲ့ရင်တော့ တောင်းပန်ပါတယ်ခင်ဗျာ

Friday, December 16, 2011

ဒို့မြေ - ဒို့ကမ္ဘာ ဘယ်လိုထိမ်းကြပါ့မလဲ

မရေးဖူးပဲ - အရေးထူး တာမဟုတ်ပါ
ရင်ထဲရှိတာကို အထူးရေးဖို့ပါပဲ
ကိုကို မမ တို့လျှောက်ဖူးတဲ့လမ်း
ခရေတို့လဲကြွေ - စိန်ပန်းတို့လဲဝေ
ငုဝါ တွေဘယ်မလဲကွယ် ။

ကျောင်းလမ်းလေးလဲ သာယာခဲ့တယ် -
အင်းလျား လဲအေးချမ်းခဲ့တယ် -
ဟိုတစ်ခါ တက္ကသိုလ်ဆီက
အိပ်မရတဲ့ညများ မရှည်လျားခဲ့ပါ
ညနက်သန်းခေါင် အဆောင်ရှေ့က ဂီတာသံတွေ
ရင်ထဲအေးချမ်း ပြီး အပေးအယူမျှတဲ့
သူငယ်ချင်းအားလုံး ပျော်ခဲ့ဖူးတယ် ။
ကျောင်းသားကျောင်သူ တို့နှလုံးသား အမှားကင်းပေမဲ့
သွေးစွန်းခဲ့ရပါပြီ
တစ်ရာသီကပေါ့ကွယ်။
...........................
ဟောဒီမဲနက်တဲ့ ကတ္တရာလမ်း
မှန်းဆ မရပဲ အရောင်တွေပြောင်း
ခေတ်ဟောင်းကိုတွန်းလှန်
ကျောင်းသားတို့ရဲ့ နှလုံသားအလံ
ခိုင်ခိုင်မြဲမြဲ မယိုင်မလှဲပေမယ့်
ထောင်ထဲမှာတော့ သေနေဆဲပဲ။
အာဇာနည် မဖြစ် သူရဲကောင်းတွေနစ်တဲ့
ဒီအလောင်းကောင်တွေကို
ဘုရားသခင် မြင်တော်မူပါ၏လား ?
ပြချင်စမ်းပါရဲ့ ဒို့တိုင်းပြည်
ဒို့လူမျိုး - ကိုယ်ချင်းသတ်တဲ့ ဌာနီ
ကျောင်းသားတွေ ရင်ထဲဝင်ကြည့်လိုက်စမ်း
အညာနွေ ပူတယ်ဆိုတာအလကားပဲ
နှလုံးသွေးတို့ တစ်စက်စက်ကျ
ရဲရဲနီပြီ
နေရာအနှံ့
မြို့အပြန့်
ပင်အို သစ်ပုတ် ကျတဲ့မျက်ရည်
မြင်သူမရှိ သူတို့မသိ
အရောင်ပြောင်းတဲ့ ကတ္တရာလမ်း
ရဲရဲစွန်းထင်းတဲ့ သွေးကွက်တို့က
တိုင်းသိပြည်သိ မြင်သူတစ်ကာရှိလဲ
အလိမ်အညာတွေ နဲ့ ကျည်ဆံ စစ်ခင်း
မင်းသတင်း ကမ္ဘာကျော်ပြီနော်
ဟစ်တလာကိုအားကျ
ကိုယ့် လူမျိုးကိုယ် ဗုံးထောင်သတ်
မဟုတ်ကို အဟုတ်လုပ်
အဟုတ်ကို ပထုတ်
မဟုတ်ကို ရှင်းတဲ့သတင်းစာပွဲ
အမြဲပဲ ကျင်းပ၊
ခင်းချမရတဲ့သက်သေ
မျက်မြင်လဲ မရှိ
ဒါပေမဲ့ တိုင်းသိပြည်သိ
အရှိကိုသိပေမဲ့ အသိကိုခင်းပြရင်
ကိုယ့်အထုတ် ကိုယ်ဖြေ
ကိုယ့်အရှက် ကိုယ်သိမ်း
မထိန်းနိုင်တဲ့ပြည်
ဒို့မြေ - ဒို့ကမ္ဘာ
ကြွယ်ဝမှုတွေ အကုန်
တိုးတက်သမျှ အားလုံး
ပြည်သူ မသုံးရပါ
မင်းအတွက်ပါပဲ တစ်ကတဲ ပြော ပြောချင်ပေါင်
ပြောပြန်ရင် အောင်မင်းလွန်ရာကျသမို့
.................................................
ဟင်းးးးးးးးးးးးးးးးးးးးးးး

ဘိုဖြူ





Tuesday, December 13, 2011

ပြည်မြန်မာအလှ ပြည်မြန်မာဘဝ

ပြည်မြန်မာအလှကို စီကာချပြရရင်

စေတီပုထိုး ကျောင်းကန်ဘုရား

တသွင်သွင်စီးဆင်းနေတဲ့

စမ်းချောင်းမှသည်

သွေးကြောမျှင်တွေလို အသက်ဆက်ဖို့

ခရီးဆက်နေတဲ့ မြစ်ပေါင်းအသွယ်သွယ်နဲ့

တွင်းထွက် ရတနာ အလျှံအပယ်

မတောင့်တ မကြောင့်ကျပဲ

ကမ္ဘာအလယ် မြန်မာရယ်လို့

ကြွေးကြော်နိုင်တဲ့ ဒို့ပြည်ကွယ်

သို့သော် သို့သော်

ပြည်မြန်မာဘ၀ လက်တွေ့ပြရင်

စေတီဘုရား ကျောင်းကန်နားမှာ

အေးမြခြင်းတွေပျောက် အစိမ်းရောင်တွေရောက်

ဗုံးတွေလဲ ပေါက် ပြည်သူ့အသက်လဲ ပျောက်

သွေးချောင်းတွေ သွင်သွင်စီးပြီး

တွင်းထွက်သံယံ ဖွတ် ပုတက်ရယ်လို့တောင်

ပြည်သူတွေကြား ပြောစမှတ်တွင်ရအောင်

အဖိုးတန်ကျောက်များ

တွင်တွင်တူးပါလို့

ပြည်ပကိုထုတ်

အဟုတ်မြတ်ပြီး မိသားစုအရေး

ကောင်းပြီးရင်းကောင်း

ရောင်းလို့ကုန် တူးလို့ပြောင်တော့

မရွေ့မပြောင်း ဒီချောင်းတွေရယ်

ပြည်မြန်မာသွေးကြော

ဆန်စပါးပေါကြွယ်

သွေးချင်းနီးမဲ့ ခရီးလမ်းကြောင်း

ဆပ်လို့မကုန်တဲ့ ကျေးဇူးရှင် မြစ်ဧရာရယ်လို့

နှလုံးသားကြမ်းပြင်မှာ

ဖျက်မရတဲ့ သွေးစက်နဲ့ရေးခဲ့ကြတဲ့

မြစ်လှ ဧရာ မျောပါတော့မလား

ငါ ဆိုတဲ့ အတ္တလက်စွဲထားတဲ့

ပြည်မြန်မာက အသားထဲကလောက်

လောက်ရဲ့ မစင်

အရှင်ဘုရင်တဲ့လား

ပြည်သူ့ဆန်စား ပြည်သူ့ရင်ကိုနင်းတဲ့

ကိုရွှေခေါင်းဆောင်တို့ကြောင့်

ပြည်သူ့ဘ၀ ဘာမှ မရှိအောင်

ပြောင်ပါပြီလေ ။

ဘိုဖြူ